ရန်ကုန်မြို့တွင်ရှိသော
Metro Computer Myanmar သည် Japan
နိုင်ငံရှိ
Metro Group ၏ မြန်မာနိုင်ငံတွင်
ပထမဆုံးဖွင့်လှစ်လိုက်သော
ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်ပါသည်။
Japan နိုင်ငံရှိ Metro Group သည် ကုမ္ပဏီတည်ထောင်သည့် ၁၉၅၉ ခုနှစ်မှစတင်၍
စာအုပ်ဆိုင်ကြီးများ ၊ System Development Software Package များရောင်းချမှုနှင့်
ပြုပြင်ထိန်းသိမ်းမှု စသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်လျှက်ရှိပြီး Japan နိုင်ငံရှိ
Nagasaki မြို့တွင်လည်း
အသက်မွေးဝမ်းကျောင်းကောလိပ် ကိုဖွင့်လှစ်ထားပါသည်။
တိုးတက်ပြောင်းလဲလာသောခေတ်နှင့်အညီ Metro Group သည် ပြည်ပရုံးခွဲများ ဖွင့်လှစ်ခြင်း နှင့် ပြည်ပ
IT ပညာရှင်များအား အလုပ်ခန့်အပ်ခြင်း စသောရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်လျှက်ရှိရာ ၂၀၁၄
စက်တင်ဘာလတွင် Metro Computer Myanmar ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ကုမ္ပဏီသည် Software Development နှင့် Web Design ကဲ့သို့သော IT ဝန်ဆောင်မှုများ သာမက Japan နှင့်
Myanmar နှစ်နိုင်ငံလုံးတွင် တက်ကြွစွာ အလုပ်လုပ်ကိုင်လိုသော IT ပညာရှင်များအား
Development
Technology နှင့် ဂျပန်စာ သင်ကြားပေးကာ အတူတကွ အလုပ်လုပ်နိုင်ရန် ရည်ရွယ်ပါသည်။
Metro Group သည် Japan နှင့် Myanmar နှစ်နိုင်ငံကြားတွင်
ပေါင်းကူးတံတားသဖွယ်ရှိနေပြီး Myanmar နိုင်ငံ၏တိုးတက်မှုများတွင် တစ်စိတ်တစ်ဒေသ ပါဝင်နိုင်ရန်
အမြဲ စိတ်အားထက်သန်လျှက်ရှိပါသည််။